Friday, January 31, 2014

Thursday, January 30, 2014

ဘောဘောကြီးဘုရား (သရေခေတ္တရာ)

Photos from Mandalay Light's post in ဓါတ်ပုံဝါသနာရှင်များ

 ဘောဘောကြီးဘုရား (သရေခေတ္တရာ)

အေဒီ ၄ ရာစု မှ ၉ ရာစု အတွင်းတည်ထားခဲ့ပြီး သရေခေတ္တရာ ခေတ်၏ ရှေးအကျဆုံးသောစေတီဖြစ်သည်။
ဒွတ္တဘောင်မင်းကြီး၏ ကောင်းမှု စေတီ ၉ ဆူ တွင်ပါဝင်ပြီး ဥာဏ်တော် အမြင့် ၁၅၃ ပေရှိသည်။
မြို့ဟောင်း၏ အနောက်မြောက်ဘက် တွင်ရှိပြီး ထူပ(Stupa) စေတီအမျိုးအစား ဖြစ်သည်။
မြန်မာနိုင်ငံရှိ စေတီ ပုံတော်များ၏ ရှေ့ပြေးပုံစံဖြစ်ပြီး အိန္ဒိယနိုင်ငံဆာရ်နတ် အရပ်ရှိ ဓမ္မိတ်စေတီနှင့် ပုံစံတူသည်။ ပုဂံ ငကျွဲနားတောင်းစေတီနှင့် လည်းပုံစံတူသည် ။
၁၉၀၇ ခုနှစ်မှ စပြီးနှစ်စဉ် ထိမ်းသိမ်း လုပ်ငန်းစခဲ့သည်။
၁၉၁၀ -၁၉၁၁ တွင် ဘောဘောကြီးစေတီ အနီးမှ ကျောက်စာအကျိုး ၂ ပိုင်း တူးဖေါ်တွေ့ခဲ့သည်။ အေဒီ ၆ ရာစု ပျူအက္ခရာဖြင့်ရေးထားပြီး မောင်ကန်ရွှေပေလွှာ အရေးအသားနှင့်ဆင်တူပြီး အဘိဓမ္မာပိဋကတ်တော်မှ ၀ိဘင်းပါဠိတော် ကောက်နှုတ်ချက်များဖြစ်သည်။
မှန်နန်းရာဇ၀င် ဖေါ်ပြချက်အရ ဘောဘောကြီးစေတီ မှ ဓါတ်တော်ဌာပနာတော်များကို အနော်ရထာမင်းပင့်ဆောင်ပြီး ပုဂံ ရွှေဆံတော်ဘုရားတွင် ထည့်သွင်း ဌာပနာခဲ့ ကြောင်းသိရသည်။

ShweGuLayPagoda-Bago

Credit to Pho Kyar